Brighter Myanmar ကွန်ပြူတာ သင်တန်းမှ Game Development တန်းခွဲအား ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊
သင်တန်းမှာ သင်ကြားပေးသွားမယ့် ဂိမ်းတွေကတော့
ရှမ်းကိုးမီး
ဘူကြီး
ငါးပစ်ဂိမ်း
ခြောက်ကောင်ဂျင်
သစ်သီးဘုရင်
Slot Game တို့ဖြစ်ပါတယ်၊
သင်တန်းမှာ အပိုင်း နှစ်ပိုင်းပါဝင်ပါတယ်
ဂိမ်းရေးတက်အောင် အဆင့်ဆင့် သင်တဲ့အပိုင်းနဲ့
ဂိမ်း ကိုအသုံးပြုပြီး ဝင်ငွေ ရှာတဲ့အပိုင်းပါ ( ဂိမ်းဖြန့်ချိတဲ့အပိုင်း )
ဂိမ်းရေးနည်း ကို သင်ကြားတဲ့အပိုင်းမှာတော့
C# & Unity Engine ( Client Side )
NodeJS ( Server Side )
Angular for Admin Panel ( Client Side )
တို့ကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊ ၊ အရင်ဆုံး C# Programming ကို အရင်လေ့လာရမှာ ဖြစ်ပြီး C# Concepts တွေကို နားလည်ကျွမ်းကျင်သွားမှ Unity Game Engine နဲ့ Framework ကိုလေ့လာသွားရမှာဖြစ်ပါတယ်၊ Unity Game Engine နဲ့ Framework ကိုလေ့လာပြီး အထက်မှာကြေငြာထားတဲ့ ဂိမ်းတွေအားလုံးကို Serve Side မပါသေးပဲ အရင် လေ့လာသွားရမှာ ဖြစ်ပါတယ်၊ ဂိမ်းအားလုံး တည်ဆောက်ပြီးမှ Server Side အတွက် Nodejs ကိုလေ့လာပြီ: Games တွေကို Support ပေးမယ့် Game Server ကို တည်ဆောက်သွားရမှာဖြစ်ပါတယ်၊ Game Server ကော Games တွေပါ တည်ဆောက်ပြီးသွားမှ Admin Panel ဖန်တီးခြင်းကို လေ့လာသွားရမှာ ဖြစ်ပါတယ်၊
ဂိမ်း အသုံးပြုပြီး ဝင်ငွေရှာတဲ့ အပိုင်းမှာတော့
ရင်းနှီးမြုပ်နှံသူအတွက် Game ဖြန့်ချိပေးခြင်း
ကိုယ်တိုင် ဂိမ်းဖြန့်ချိမှု
ဂိမ်း Unit ရောင်း၍ ဝင်ငွေရှာဖွခြင်း
အခမဲ့ ဂိမ်းဖြန့်ချိ၍ ကြေငြာကနေ ဝင်ငွေရယူခြင်း
ဂိမ်း စျေးနုန်း သက်မှတ်ခြင်း
ဆိုပြီး အပိုင်း ၅ ပိုင်းကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊
စျေးကွက်ဝင်အောင် ပြီးပြည့်စုံတဲ့ သင်ကြားပေးမှု
သင်ကြားပေးတဲ့ ဂိမ်းတွေက သင်တန်းအတွက် သာမာန် တည်ဆောက်ထားတဲ့ သင်ခန်းစာတွေ မဟုတ်ပါဘူး၊ တကယ် ဖြန့်ချိဘူးပြီးသား စျေးကွက်ထဲ ရောက်ပြီး Players ပေါင်းများစွာ ကစားဘူးပြီးသား၊ စျေးကွက် မှာလဲ ဝင်ငွေ ရဘူးပြီးသား ဂိမ်းတွေကိုမှ ဖြန့်ချိတဲ့ အဆင့်ရှိတဲ့ အရည်အသွေးအတိုင်း သင်ကြားပေးသွား မှာဖြစ်ပါတယ်၊ သင်တန်းသားတွေ ဂိမ်း အသေးစလေး တစ်ခု ရေးတက်ရင် သင်တန်း တာဝန်ကြေပြီဆိုတဲ့ အတန်းမျိုး မဟုတ်ပါဘူး၊ သင်တန်းပြီးတာနဲ့ ဝင်ငွေပြန်ရှာနိုင်တဲ့အထိ စျေးကွက်ဝင်ပြီးသား ဂိမ်းတွေကို သင်ပေးတာပါ၊ Game တင် သင်ကြားပေးတာ မဟုတ်ဘဲ ဂိမ်းကို ထိန်းချုပ်တဲ့ Server ပိုင်းကော၊ ထိန်းချုပ်တဲ့သူအတွက် လိုအပ်တဲ့ ပြီးပြည့်စုံတဲ့ Admin Panel အပိုင်းတွေကိုပါ သင်ကြား ပေးတာပါ၊ Games တွေမှာ ပါဝင်တဲ့ Features တွေအားလုံးကို သက်ဆိုင်ရာ အပိုင်းမှာ အသေးစိတ်ဖတ်နိုင်ပါတယ်၊ အဓိက နားလည် စေလိုတာက သင်တန်းပြီးတာနဲ့ ဝင်ငွေရှာလို့ရတဲ့အတန်း ဖြစ်တာကိုပါ၊ ဘယ်လို ငွေရှာရမလဲ ဆိုတာကိုလဲ သက်ဆိုင်ရာ လင့်မှာ အသေး စိတ်ဖတ်ရှု့နိုင်ပါတယ်၊
ဘယ်လိုလူတွေတက်သင့်သလဲ
စိတ်ကူးထားသမျှ Games တွေကို ကိုယ်တိုင် Code ရေးပြီး အဆင့်ဆင့် ဖန်တီးလိုသူများ
ကိုယ်တိုင်ရေးထားတဲ့ Games တွေကို အခမဲ့ ဖြန့်ချိပြီး ဂိမ်းထဲမှာ ကြေငြာ (AdMod) ထည့်သွင်းကာ ဝင်ငွေရှာလိုသူများ
Game ရေးတာကို စိတ်မဝင်စားပေမယ့် Game ဖြန့်ချိပြီး ဝင်ငွေရှာချင်သူများ
Game ကုမ္ပဏီ တည်ထောင်ပြီး Games တွေ ဖြန့်ဖြူးလိုသူများ
ပြည်တွင်း ပြည်ပ ကုမ္ပဏီ တွေမှာ Game Developer အဖြစ်အလုပ်ဝင်လိုသူများ
အသေးစိတ် ဖတ်ရှု့ရန်
သင်ကြားပုံ အသးစိတ်ကိုဖတ်ရှု့ရန်
သင်ကြားပုံ
သင်တန်းက အွန်လိုင်း သင်တန်း အမျိုးအစား ဖြစ်ပြီးတော့ စနေနေ့ တစ်ရက် ဆရာနဲ့ Meeting ထိုင်ရပါတယ်၊ စနေနေ့ Meeting မှာ ဆရာက တစ်ပါတ်စာ လေ့လာရမယ့် သင်ခန်းစာ Road Map ချပေးမှာ ဖြစ်ပြီး ထိုတစ်ပါတ်စာ လေ့လာရမယ့် ဗွီဒီယို သင်ခန်းစာတွေကို ချပေးသွားမှာဖြစ်ပါတယ်၊ ဗွီဒီယို သင်ခန်းစာတွေက ကြိုတင် Record လုပ်ထားတဲ့ သင်ခန်းစာတွေမဟုတ်ပါ၊ တစ်ပါတ် တစ်ကြိမ် သင်ခန်းစာ ၂၀ က နေ ၃၀ အထိ Record လုပ်ပေးတာ ဖြစ်ပါတယ်၊ တစ်ပါတ်တစ်ခါ Record လုပ်ပေးတဲ့ပအတွက် သင်ခန်စာတွေမှာ အသုံးပြုတဲ့ ဘာသာရပ်တွေ အားလုံးက Latest Version တွေဖြစ်ပါတယ်၊ Meeting ထိုင်တဲ့ နေ့မှာ ကျောင်းသား တွေအနေနဲ့ မရှင်းတာ နားမလည်တာ ကိုယ့်ကွန်ပြူတာမှာ လိုက်လို့လို့ မရတဲ့အချက်တွေ တွေ့ကြုံရတဲ့ ပြဿနာတွေကို မေးနိုင်ပြီး ဆရာက ဖြေရှင်းပေး ရှင်းပြပေးခြင်းတွေလုပ်ပါတယ်၊
သင်တန်းတက်တဲ့ ကျောင်းသားတွေ အချင်းချင်း ချိတ်ဆက်မိအောင်ကော ဆရာနဲ့ အဆင်အသွယ် မပျက်အောင်ပါ သင်တန်းအတွက် Google Classroom ဖန်တီးပြီး လိုအပ်တဲ့ အချက်တွေ စာနဲ့ရှင်းပြရမယ့် အချက်တွေကို Classroom ထဲမှာ Posts တွေအဖြစ်တင်ပြီးရှင်းပြပေးထားသလို သင်ခန်းစာ လင့်တွေကိုလဲ Share ပေးထားပါတယ်၊ ကျောင်းသားတွေအနေနဲ့ ကြားရက်တွေမှာ ပြဿနာ တက်ရင်လဲ Classroom ထဲမှာ Post တင်ပြီးမေးနိုင်သလို အရမ်း ဖြေရှင်းရမလွယ်တဲ့ ပြဿနာတွေ တွေ့ကြုံရင်လဲ ဆရာနဲ့ အချိန် တစ်ခု ချိန်းပြီး Meeting လုပ်နိုင်ပါတယ်၊ ဒါဆို ဆရာက AnyDesk ကိုသုံးပြီး ကျောင်းသားတွေရဲ့ ကွန်ပြူတာထဲကို ဝင်ပြီး လိုအပ်တဲ့ ပြုပြင်ပေးမှုများ ကုဒ် စစ်ဆေးပေးမှုများကို လုပ်ဆောင်ပေးပါတယ်၊
Basic Concepts သင်ခန်းစာတွေကို Youtube Channel ကနေပဲ Share ပေးသွားမှာဖြစ်ပြီး Projects Based သင်ခန်းစာတွေကိုတော့ ကျောင်းသားတွေ သီးသန့်ပဲ လေ့လာလို့ရအောင် Microsoft Cloud Server ဖြစ်တဲ့ OneDrive မှာ Share ပေးပါတယ်၊ သင်ခန်းစာနဲ့ ပါတ်သတ် ပြီး အဆင့်ဆင့် လုပ်ရမယ့် လုပ်ငန်းစဥ်တွေကိုလဲ အမြဲတမ်း Classroom မှာ Post တင်ပြီး ရှင်းပြထား သလို လိုအပ်တဲ့ Links တွေ အားလုံးကိုလဲ Classroom မှာ Share ထားပါတယ်၊
ဘယ်သူတွေ သင်ကြားပေးသွားမှာလဲ
မြန်မာ တစ်နိုင်ငံလုံးအတွက် Programming စာအုပ်များ ထုတ်ဝေခဲ့သည့် ဆရာ၊
တက္ကသိုလ် ကျောင်းများတွင် နောက်ဆုံးဘွဲ့ယူမည့် ကျောင်းသားများအတွက် Internship Train ပေးခဲ့သည့်ဆရာ များ၊
Online Games များကို Companies များအတွက် ရေးဆွဲပေးခဲ့သည့် ဆရာများ၊
POS system နှင့် Super Market စျေးရောင်း စျေးဝယ် Software များရေးဆွဲ ပေးခဲ့သည့်ဆရာများ၊
Programming ဘာသာရပ် အမျိုးမျိုးကို ကျွမ်းကျင်၍ လက်တွေ့ လုပ်ငန်းခွင်များတွင် ၁၅ နှစ်ကျော် အတွေ့အကြုံရှိသည့် ဆရာများ၊
တနိုင်ငံလုံးရှိ တက္ကသိုလ် နှင့် ပြင်ပ လေ့လာသူ ၂၀၀၀ ကျော်ကို Programmer ဖြစ်အောင် သင်ကြားပေးခဲ့သည့် ဆရာများ
လေ့လာသူများကို လက်တွေ့ လုပ်ငန်းစဥ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ On Job Training ပေးခဲ့သည့် ဆရာများ၊
လက်ရှိတွင်လဲ Software များ ရေးသားဖြန့်ချိသည့် လုပ်ငန်းကို လုပ်ကိုင်နေသည့် Developers ဆရာများမှ သင်ကြားပေးသွားမှဖြစ်ပါတယ်၊