ဂိမ်းကနေ ဝင်ငွေရှာနိုင်တဲ့ ပုံ ၄ မျိုး နဲ့ ဂိမ်း စျေးနုန်း သတ်မှတ်ခြင်း
ရင်းနှီးမြုပ်နှံသူအတွက် Game ဖြန့်ချိပေးခြင်း
ကိုယ်တိုင် ဂိမ်းဖြန့်ချိမှု
ဂိမ်း Unit ရောင်း၍ ဝင်ငွေရှာဖွခြင်း
အခမဲ့ ဂိမ်းဖြန့်ချိ၍ ကြေငြာကနေ ဝင်ငွေရယူခြင်း
ဂိမ်း စျေးနုန်း သက်မှတ်ခြင်း
ရင်းနှီးမြုပ်နှံသူအတွက် Game ဖြန့်ချိပေးခြင်း
ဂိမ်းသင်တန်းတက်ပြီးသွားရင် သင်တန်းကပေးတဲ့ ဂိမ်း Source Code ကို ရမှာဖြစ်ပြီး ထို Game Source ကိုသုံးပြီးတော့ Android Device တွေပေါ်မှာကစားလို့ရနိုင်တဲ့ Apk ထုတ်လို့ရသလို Website တွေမှာ ကစားလို့ရနိုင်တဲ့ Web Based App တွေလဲ ထုတ်နိုင်ပါတယ်၊ ဒီလိုပဲ Desktop App နဲ့ iOS Devices တွေအတွက်လဲ သက်ဆိုင်ရာ App တွေထုတ်နိုင်ပါတယ်၊ App တွေမထုတ်ခင် ကိုယ်လိုချင်တဲ့ Logo နဲ့ Design တွေကိုလဲစိတ်ကြိုက်ပြောင်းနိုင်ပါသေးတယ်၊ ဒီလို စိတ်ကြိုက်လုပ်နိုင်တဲ့ အတွက် သင်တန်းသားတွေအနေနဲ့ သင်တန်းပြီးတာနဲ့ Game ဖြန့်ချိလိုတဲ့ Customer ကို ရှာပြီး သင့်တော်တဲ့ စျေးနုန်းနဲ့ ရောင်း ချနိုင်ပါတယ်၊ ရောင်းတဲ့အခါမှာလဲ ဂိမ်းရေးဆွဲခအဖြစ် စျေးနုန်း တစ်ခု သတ်မှတ်ပြီးရောင်းရမှာဖြစ်သလို ထို ဂိမ်းကို Support ပေးမယ့် Server အတွက် လစဥ်ကြေးနဲ့ Server Maintenance Fee အနေနဲ့ လစဥ်ကြေးကိုလဲ တောင်းရမှာဖြစ်ပါတယ်၊ သတ်မှတ်တဲ့ စျေးနုန်းကိုတော့ ကိုယ့်စိတ်ကြိုက် ပမာဏ တစ်ခု ထားပြီးသတ်မှတ်နိုင်ပါတယ်၊ Server ကြေးကို သတ်မှတ်ရာမှာ တော့ Server မှာ ဝင်နိုင်တဲ့ Player ပမာဏကို ခန့်မှန်းပြီး သတ်မှတ်ရမှာပါ၊ ဒါကတော့ အသေးစိတ်နားလည်ဖို့လိုအပ်လို့ သင်ခန်းစာတွေထဲမှာ Server ဝယ်တဲ့အခါ Processing Power, Data Transfer Rate, Memory လိုအပ်ချက် အားလုံးကို Project အလိုက် တွက်ချက်ပြီး ခန့်မှန်း Players Count အလိုက် လိုအပ်မယ့် Server နဲ့ စျေးနုန်းကို သင်ကြား ပေးထားပါတယ်၊ ဒီနည်းနဲ့က Customer တစ်ယောက်ထဲကို ဖြန့်ချိနိုင်တာ မဟုတ်ပဲ Customer ဘယ်လောက်များများ သက်ဆိုင်ရာ Customer တစ်ယောက်ခြင်းစီအတွက် Domain Name တစ်ခု Server တစ်ခုစီ တည်ဆောက်ပြီး ဖြန့်ချိသွားရမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့တုန်းကတော့ ကုမ္ပဏီ တစ်ခုထဲအတွက် ရေးတာ ဖြစ်တဲ့အတွက် စျေးကို သိန်း ၂၀၀၀ တောင်းခဲ့ ပေမယ့် ကျောင်းသားတွေအနေနဲ့တော့ စိတ်ကြိုက် စျေးဖြတ်နိုင်ပါတယ်၊ စျေးနည်းနည်း နဲ့ Customer များများ ရှာလဲ ရသလို Customer အနည်းငယ် ကိုပဲ ကောင်းကောင်း Support ပေးပြီး စျေးများများတောင်းလဲ ရပါတယ်၊ ဒီငွေတောင်းမှုက ၁ သိန်းပဲ တောင်းတောင်း သိန်း ၂၀၀၀ ပဲ တောင်းတောင်း ကျောင်းသားတွေရဲ့ အပိုင် App ဖြစ်သွားပြီမို့ သင်တန်းနဲ့ မဆိုင်ပါဘူး
ကိုယ်တိုင် ဂိမ်းဖြန့်ချိမှု
အထက်က ပြောခဲ့တဲ့ နည်းကတော့ Customer တွေအတွက် ဂိမ်း နဲ့ ဂိမ်း Server တွေတည်ဆောက်ပြီး ဂိမ်း ဖြန့်ချိ မှုဖြစ်ပြီးတော့ အခု ကိုယ်ပိုင် ဂိမ်း ဘယ်လို ဖြန့်ချိရမလဲ ဆိုတာကို ပြောပြပါမယ်၊ ကိုယ်ပိုင်ဂိမ်း ဖြန့်ချိတဲ့နည်း ဖြစ်လို့ ရေးဆွဲခကတော့ မရတော့ပါဘူး၊ ကိုယ်ပိုင် ဂိမ်းဖြန့်ချိရာမှာ Customers တွေကို ဂိမ်းပိုင်ရှင် အနေနဲ့ မဟုတ်ဘဲ ဂိမ်း ကို ခွဲပြီးရောင်းတဲ့ ပုံစံနဲ့ ဖြန့်ချိရမှာပါ၊ ဒီလို ဖြန့်ချိရာမှာ Customer အနေနဲ့ က ဂိမ်းတစ်ခုလုံး သူပိုင်တဲ့ပုံစံ ခံစားရေအာင် App မှာတော့ သူ့အတွက် သီးသန့် Logo နဲ့ UI Design ကို ထုတ်ပေးပြီး Server ဘက်မှာတော့ သူကော အခြား Customers တွေအားလုံးကောကို Server တစ်ခုပဲ သုံးပြီး Support ပေးနိုင်ပါတယ်၊ ဒီလိုပဲ သူတို့ကို 100% နုန်း အကျိုးအမြတ် မပေးတော့ပဲ တစ်ယောက်ခြင်းစီကနေ အကျိုးအမြတ် ပြန် ယူရမှာဖြစ်ပါတယ်၊ ပုံမှန်တော့ ဂိမ်းပိုင်ရှင်က 45% , ဖြန့်ချိသူက 45% နဲ့ Server ကြေးက 10% နဲ့ ဖြန့်ချိရပါတယ်၊ Owner Level နဲ့ Admin Panel ကို ဝင်ပြီး Customer တစ်ယောက်ခြင်းစီကို Admin တစ်ယောက် အဖြစ် ဖန်တီးနိုင်ပါတယ်၊ ဒါဆိုရင် Customer တစ်ယောက်ခြင်းစီက Admin ဖြစ်နေမှာဖြစ်ပြီး သူကလဲ သူ့အောက်က ပြည်နယ်အလိုက် မြို့နယ်အလိုက် မြို့အလိုက် ရပ်ကွက် အလိုက် Super, Master, Agent , User တွေကို Level တစ်ခုချင်းစီ အလွယ်တစ်ကူ ဖြန့်ချိရုံပါပဲ၊ ဒီနည်းက အောင်မြင်အောင် လုပ်နိုင်ရင် အကျိုးအမြတ်အားလုံးနည်းပါး ဂိမ်းပိုင်ရှင်က ရမှာမို့ ရေးဆွဲခ တစ်ခါတည်း ယူတဲ့ နည်းထက် အများအများ ကြီးသာပြီး ဝင်ငွေကလဲ တကယ့်ကို ကြောက်စရာ ကောင်းပါတယ်၊ ကျွန်တော်တို့ ကုမ္ပဏီ တစ်ခုမှာ ၃ လ လောက် ပြင်ပ Developer အဖြစ်ဝင်ရေးပေးခဲ့တုန်းက ရှမ်းကိုးမိး ဂိမ်းတစ်ခုထဲက အကောက်ငွ (Tax ) ကနေ တစ်လကို သိန်း ၅၆၀၀ အထိ ဝင်ငွေရတာ မြင်ဘူးပါတယ်၊
ဂိမ်း Unit ရောင်း၍ ဝင်ငွေရှာဖွခြင်း
Unit ရောင်းပြီးဝင်ငွေရှာခြင်းက အထက်က နည်းနဲ့ အတော်လေး ဆင်တူပါတယ်၊ ဒါပေမယ့် Unit ရောင်းပြီး ဝင် ငွေရှာခြင်းက တစ်ခါတည်း အကျိုး အမြတ် ယူထားပြီး ဖြန့်ချိတဲ့သူတွေကို မဖြစ်မနေ ဝယ်ပြီးသား Unit ကို ပြန်မအမ်းပဲ ရောင်းခိုင်းတာပါ၊ ဒီလို ရောင်းခိုင်းတဲ့အခါ အောက်ကလူက ကျိုးစားနိုင်ရင် ဖြန့်ချိနိုင်ရင် ဘာပြဿနာ မှမရှိပါဘူး၊ ကြိုပြီး ငွေယူထားတဲ့အတွက် အကျိုးအမြတ် ခွဲဝေရာမှာတော့ ပိုင်ရှင်က ၂၅% နဲ့ အထက်ကို စိတ်ကြိုက် ချိန်ယူပြီး Server ကြေးအနေနဲံ ၁၀% ယူကာ လက်ကျန် ၆၅% ကိုတော့ Customer ကို ပေးထားပါတယ်၊ အထက်က နည်းကော အခုနည်းကောမှာ Customer က ကိုယ်ပိုင် Admin Panel ရမှာဖြစ်ပြီး သူ့အောက်မှာ စိတ်ကိုက် Super, Master, Agent, User အဆင့်ဆင့် ထပ်ဖြန့်ချိလို့ရပါတယ်၊ ကိုယ်ပိုင်ဂိမ်းဖြစ်လို့ Unit 100 ကို ၂၅ ပဲ ယူယူ ပိုပဲယူယူ လျော့ပဲယူယူ စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်၊
အခမဲ့ ဂိမ်းဖြန့်ချိ၍ ကြေငြာကနေ ဝင်ငွေရယူခြင်း
နောက်တစ်နည်းကတော့ ဂိမ်းကို Unit တွေနဲ့ မရောင်းတော့ဘူး၊ Customer လဲ မရှာတော့ဘဲနဲ့ ကိုယ့်ဘာသာ Developer တစ်ယောက်ထဲ ဖြန့်ချိတဲ့နည်းပါ၊ ဒီနည်းကတော့ Game ကို Server အသေးတစ်ခု ပဲ Support ပေးပြီး Server လုပ်ငန်းစဥ်အားလုံးကို လျှော့ချကာ Logic အများစုကို App မှာပဲ ထည့်သွင်းတည်ဆောက်ပြီးတော့ လစဥ် ဝန်ဆောက်ခနဲ့အောင် အရင်လုပ်ရပါတယ်၊ ပြီးရင် Game Bundle ထဲမှာပါတဲ့ ဂိမ်းတစ်ခုခြင်းစီမှာ ကြေငြာ ထည့်သွင်းပြီး ဝင်ငွေရှာတဲ့နည်းပါ၊ ကြေငြာ (AdMod ) ထည့်သွင်းနည်းကိုလဲ သင်တန်းမှာ အသေးစိတ် သင်ကြားပေးထားပါတယ်၊ လူများများ ကစားအောင် ဘယ်လို ကြိုးစားမလဲ Marketing ဘယ်လို ဆင်းမလဲ ဆိုတာကတော့ သင့်ကိုယ်ပိုင် အားထုတ်မှုပေါ်မူတည်ပါတယ်၊ ဒီနည်းနဲ့လဲ လစဥ် သိန်း ၁၀၀၀ ကျော်ဝင်တဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်၊
ဂိမ်းရေးဆွဲခ သတ်မှတ်ခြင်း
သင်ကြားပေးမယ့် ဂိမ်းတွေက အရင် သိန်း ၂၀၀၀ နဲ့ရေးဆွဲပေးခဲ့ ဂိမ်း ၁၄ မျိုး(အပါအဝင်)ထဲက ဂိမ်း ၆ ခုကို သင်ကြားပေးမှာဖြစ်ပါတယ်၊ စျေးကွက်ထဲမှာ ရောက်ပြီးသား ဝင်ငွေရှာလို့ရပြီးသားဂိမ်းတွေကို သင်ပေးမှာဖြစ်ပါတယ်၊ သင်ကြားရာမှာ ပါဝင်သွားမယ့် ဂိမ်းတစ်ခုချင်းစီတိုင်းက အနည်ဆုံး သိန်း ၇၅ သိန်းတန်ကနေ သိန်း ၃၀၀ တန်အထိပါဝင်ပါတယ်၊ အောက်မှာ သင်ကြားပေးသွားမယ့် ဂိမ်းတွေနဲ့ ဂိမ်းတစ်ခုခြင်းစီ ရေးဆွဲခ ပေါက်စျေးကိုလဲ ရေးပေးထားပါတယ်၊
ရှမ်းကိုးမီး ( ၂၅၀ သိန်း )
ဘူကြီး ( ၁၅၀ သိန်း )
ငါးပစ်ဂိမ်း ( ၃၀၀ သိန်း )
ခြောက်ကောင်ဂျင် ( ၇၅ သိန်း )
သစ်သီးဘုရင် ( ၇၅ သိန်း )
Slot Game ( ၇၅ သိန်း )
အထက်ကတော့ သင်ပေးသွားမယ့် Games တွေနဲ့ သူတို့ရဲ့ စျေးနုန်းတွေဖြစ်ပြီး Admin Panel ကြေး Server Development ကြေးတွေတော့ ထည့်မတွက်ပြထားပါဘူး၊ သင်တဲ့အခါမှာတော့ Admin Panel နဲ့ Game Data တွေကို ထိန်းချုပ်တဲ့ Server Side Development ကိုပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်၊