Kid Coding & Robotic Class
👉 သင့်ကလေးကို ငယ်စဥ်ကတည်းက Programming ဘာသာရပ်နဲ့ ရင်းနှီး ကျွမ်းဝင်စေ လိုပါသလား?
👉 အနာဂါတ်မှာ သင့်ကလေးငယ်ကို ဖုန်း နှင့် ကွန်ပြူတာ အမျိုးမျိုး တို့အတွက် App တွေ Software တွေရေးတဲ့ Programmer တစ်ယောက် ဖြစ်စေလိုပါသလား?
👉 သင့်ကလေးကို Circus Board တွေ အလုပ်လုပ်ပုံ ထိန်းချုပ်ပုံ၊ Electronic Device များထဲသို့ Program ရေးထည့်ပြီး လိုချင်ရာ ခိုင်းပုံတို့ကို နားလည်စေချင်ပါသလား?
👉 သင့်ကလေးကို ပိုမိုတောက်ပလာမယ့် အနာဂါတ်ရဲ့ AI System နဲ့ ရင်းနှီးကျွမ်းဝင်စေလိုပါသလား?
👉 ကလေးများအတွက် Programming ပိုင်း၊ Hardware ပိုင်း၊ Electronic ပိုင်း အားလုံးကို သင်ကြားပေးသွားမည့် သင်တန်း၊
✍🏻 ဘာတွေသင်ကြားပေးမှာလဲ ✍🏻
🚩 ဒီသင်တန်းမှာ အပိုင်း ၃ ပိုင်းပါဝင်ပါတယ်
👉 Programming ဘာသာရပ် သင်ကြားမှု
👉 Electronic Components များအကြောင်း သင်ကြားမှု
👉 Hardwares များ အသုံးပြုပုံ သင်ကြားမှု
📢 Programming ဘာသာရပ်နှင့် ရင်းနှီးကျွမ်းဝင်သွားအောင် လက်တွေ့ လုပ်ငန်းခွင်တွေမှာ Programming ဘာသာရပ် အသုံးပြုပြီး လုပ်ငန်းလုပ်ဆောင်နိုင်အောင် Python Programming ဘာသာရပ်အား သင်ကြားပေးခြင်း
📢 Hardware ပိုင်းတွင် Arduino , Raspberry Pi , Computer တို့မှာ ပါဝင်တဲ့ Components များအကြောင်း နှင့် အခေါ်အဝေါ်များကို အသေးစိတ်ရှင်းပြ၍ ထိုComponent တစ်ခုချင်းစီရဲ့ တာဝန်နဲ့ အလုပ်လုပ်ပုံကို နားလည်အောင် ရုပ်ပုံများ , Flow Diagram များ အသုံးပြု၍ သင်ကြားပေးခြင်း
📢 လျှပ်စစ်စီးဆင်းမှု ကို ထိန်းချုပ်၍ လိုချင်တဲ့ အလုပ်ကို ခိုင်းစေနိုင်ရန်အတွက် Electronic Components များ ကို လက်တွေ့အသုံးပြုပြီး Electrical Circuits အကြောင်း နားလည်သွားအောင် သင်ကြာပေးခြင်း၊ Sensor ( အာရုံခံ စနစ် ) များမှ ရရှိလာသည့် ဒေတာများအသုံးပြု၍ Hardwareကို လိုသလို ပြောင်းလဲထိန်းချုပ်ခြင်း , Data Alert ပေးခြင်း တို့ကို သင်ကြားပေးရင်း Hardware နှင့် Software ပေါင်းစပ်အလုပ်လုပ်ပုံကို နားလည်၍ ကိုယ်ပိုင် တီထွင်လိုစိတ်များ ရှိလာအောင် လေ့ကျင့် သင်ကြားပေးခြင်း
သင်ကြားပေးမည့် RoadMap
ကနဦးတွင် Block လေးများ ဆက်၍ Programming Concepts တွေကို နားလည်အောင် Simple Projects လေးများအား Blockly သုံးပြီး အဆင့်ဆင့် ရေးသွားရမှာ ဖြစ်ပါတယ်၊ Google Blockly ကို ကျွမ်းကျင်စွာ အသုံးပြုပြီး Hardware များထဲသို့ Blocky သုံးပြီးရေးထားသည့် Program ထည့်သွင်းကာ Hardware အား ကိုယ့်စိတ်ကြိုက် အလုပ် ခိုင်းတတ်အောင် သင်ကြားပေးသွားမည်၊ Blokly ကို ကျွမ်းကျင်သွားပြီးမှ Python Programming ကို VS Code IDE သုံးပြီး အဆင့်ဆင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊
Programming ပိုင်းကို ကျွမ်းကျင်သွားတဲ့အခါ Hardware Components များအား နားလည်အောင် Electronic Components များကို လက်တွေ့ အသုံးပြု၍ ၄င်းတို့ အလုပ်လုပ်ပုံ အရေးပါပုံကို စမ်းသပ်ပြခြင်း ရှင်းလင်းအောင် လက်တွေ့လုပ်ပြခြင်းဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊ Programming ရော Hardware ပိုင်းပါ နားလည် ကျွမ်းကျင်သွားမှ Software နှင့် Hardware နှစ်ခုပေါင်း၍ Project အမျိုးမျိုးကို လုပ်ကိုင် သွားရမှာ ဖြစ်ပါတယ်၊
🥇 လုပ်ဆောင်သွားရမည့် Projects များ 🥇
👉 LED Blinking & Switch Control
👉 Blockly နှင့် Action Game တစ်ခု တည်ဆောက်ခြင်း
👉 လူလာလျှင် အလိုလျောက် တံခါး/မီး ဖွင့်ပေးတဲ့စနစ်၊
👉 အလိုလျောက် ရေတင်/ပန်းပင် ရေလောင်းတဲ့စနစ်
👉 လမ်း အလိုလျောက် ရှာ၍ မောင်းနှင်သည့်ကား ( Line Follower Robot Car )
👉 စက်ရုပ်လက် ထိန်းချုပ်ခြင်း
👉 Robot တည်ဆောက်ခြင်း
👉 ရောင်းချပေးတဲ့ ပစ္စည်းများပေါ်ရှိ Barcode နှင့် QR code များအား Detact လုပ်၍ ထို Barcode နှင့် QR code တို့အား အလိုလျှောက် လှမ်းဖတ်ခြင်း
👉 CCTV မြင်ကွင်းမှ အရာဝတ္ထုအမျိုးမျိုးအား အလိုလျောက် ဖမ်း၍ လိုချင်သည့် အရာအား စစ်ထုတ်ခြင်း ( Object Detection with OpenCV )
👉 CCTV မြင်ကွင်းမှာ လူမျက်နှာများအား လိုချင်သည့်မျက်နှာများနှင့် တိုက်စစ်ခြင်း (Face Detection with OpenCV)
👉 CCTV မြင်ကွင်းမှ Object များအား ရယူ၍ လိုချင်တဲ့ Object ရှိရာသို့ CCTV အား ချိန်ချင်း
🤵🏼♂️ ဘယ်သူတွေ သင်ကြားပေးသွားမှာလဲ 🤵🏼♂️
👉🏼 မြန်မာ တစ်နိုင်ငံလုံးအတွက် Programming စာအုပ်များ ထုတ်ဝေခဲ့သည့် ဆရာ၊
👉🏼 တက္ကသိုလ် ကျောင်းများတွင် နောက်ဆုံးဘွဲ့ယူမည့် ကျောင်းသားများ အတွက် Internship Train ပေးခဲ့သည့်ဆရာ များ၊
👉🏼 Online Games များကို Companies များအတွက် ရေးဆွဲပေးခဲ့သည့် ဆရာများ၊
👉🏼 POS system ( Super Market စျေးရောင်း Software ) ရေးဆွဲ ပေးခဲ့သည့်ဆရာများ၊
👉🏼 Programming ဘာသာရပ် အမျိုးမျိုးကို ကျွမ်းကျင်၍ လက်တွေ့ လုပ်ငန်းခွင်များတွင် ၁၅ နှစ်ကျော် အတွေ့အကြုံရှိသည့် ဆရာများ၊
👉🏼 တနိုင်ငံလုံးရှိ တက္ကသိုလ် နှင့် ပြင်ပ လေ့လာသူ ၂၀၀၀ ကျော်ကို Programmer ဖြစ်အောင် သင်ကြားပေးခဲ့သည့် ဆရာများ
👉🏼 လေ့လာသူများကို လက်တွေ့ လုပ်ငန်းစဥ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ On Job Training ပေးခဲ့သည့် ဆရာများ၊
👉🏼 လက်ရှိတွင်လဲ Software များ ရေးသားဖြန့်ချိသည့် လုပ်ငန်းကို လုပ်ကိုင်နေသည့် Developers ဆရာများမှ သင်ကြားပေးသွားမှဖြစ်ပါတယ်၊
🏨 သင်တန်းတည်နေရာနှင့် ဖွင့်မည့်အချိန် 🏨
📞 09-400-4000-85
09-400-4000-86
🎁 ကနဦး သင်တန်းအပ်သည့် ကျောင်းသား ၁၀ ယောက်အတွက် 50% Discount
🏨 သင်တန်း တည်နေရာ - လားဟူစျေး အခန်း ၅ ( သုံးထပ် တိုက်တန်း )
⌚️ သင်တန်းဖွင့်ချိန် နံနက် ၉ နာရီမှ ညနေ ၇ နာရီထိ
📆 သင်တန်းရက် - Monday to Friday (or) Saturday + Sunday