သင်တန်းကြေး သင်ကြားချိန် သင်တန်းစမယ့် အချိန်
သင်တန်းကြေးကို မပြောခင် သိစေလိုတဲ့အချက်တွေကို အရင် ပြောပြပါမယ်၊
ဒီစာမျက်နှာမှာ ရေးထားတာကို ကျော်မဖတ်စေလိုပါဘူး၊ တကယ့်ကို အရေးကြီးလို့ သေချာ ရှင်းပြထားတာတွေ ဖြစ်နေလို့ပါ၊
သင်ကြားပေးမယ့် ဂိမ်းတွေက ကျွန်တော်တို့ အရင်က ကုမ္ပဏီ တွေအတွက် Dedicate လုပ်ပြီး စျေးအများကြီးနဲ့ ရေးဆွဲပေးခဲ့တဲ့ ဂိမ်းတွေပါ၊ ဒီလို ဂိမ်းတွေကို ရေးဆွဲရတာ ခက်ခဲသလို တကယ် ဖြန့်ချိဖို့ အဆင့်အထိ ရောက်တဲ့ Level ဖြစ်အောင် ရေးရတဲ့ Server Side ကလဲ တော်တော့ကို ခက်ခဲပါတယ်၊ Server Request Limit တိုးအောင် Processing Power တက်နိုင်သမျှ နည်းအောင် Real Time Database ကော Backup Database ကော နှစ်ခုလုံးကို အမှားအယွင်းမရှိ စက္ကန့် တိုင်း ဒေတာ ထိန်းချုပ်နိုင်အောင်၊ Game အများကြီးအတွက် တစ်မိနစ် အနည်းဆုံး User ၁ သိန်းထိ လက်ခံကစားနိုင်အောင်, Nginx Reverse Proxy သုံးပြီး Performance ပိုကောင်းအောင်, Scalable ဖြစ်အောင်, Security ပိုင်းပိုကောင်းအောင်၊ CPU တစ်လုံးစီမှာ Run ထားတဲ့ Server တွေအတွက် Nginx ကနေ Forward လုပ်ပေးနိုင်အောင် စသဖြင့် ပုံမှန် Code ရေးတက်ရုံ အဆင့်နဲ့ မရဘဲ နှစ်ပေါင်းများစွာ အတွေ့ အကြုံရှိ တဲ့ သူတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းစဥ်တွေကို သင်ကြားခြင်းတွေလဲ ပါပါတယ်၊ ဒီလို ဂိမ်းတစ်ခုကို မြန်မာပြည်မှာ Smooth ဖြစ်ဖြစ် မှန်မှန် ကန်ကန် ရေးနိုင်တဲ့အဖွဲ့ မရှိပါဘူး၊ ဒါကြောင့် ရှမ်းကိုးမီး ဂိမ်းဆိုရင် နိုင်ငံခြား ကို အပ်တာ များပါတယ်၊
ကျနုပ်တို့ရဲ့ အခက်အခဲ
ကျွန်တော်တို့ကို လူသိနည်းပါတယ်၊ သိတဲ့သူတွေကလဲ Programming ဘာသာရပ်တွေကို သင်တယ်ပဲ သိတာပါ၊ ဂိမ်းအပ်တဲ့ သူတွေလဲ ရှိပေ မယ့် အရေအတွက် နဲပါတယ်၊ နဲတဲ့ထဲမှာမ ကျွန်တော်တို့က က စျေးက အနဲဆုံး သိန်း ၁၄၀၀ ကနေ စတောင်းတာ ဖြစ်ပြီး 2D, 3D, ဘောလုံးတွေပါ ပါရင် သိန်း ၂၀၀၀ ကနေ စတောင်းတာပါ၊ ဒါတောင် ဂိမ်းတွေက အပြည့်အစုံးမပါပါဘူး၊ အပြည့် အစုံပါရင် စျေးက အများကြီးပိုတောင်းပါတယ်၊ ဒီ Games တွေက စျေးကွက်မှာ တအားကို ဝင်ငွေရတဲ့ ဂိမ်းတွေပါ၊ ဖြန့်ချိတဲ့ သူတွေကလဲ အများကြီးပါ၊ ဒါပေမယ့် ပြည်တွင်းက လူတွေက ဂိမ်းတွေက ငွေရတာကို မက်မောပေမယ့် ဂိမ်းအတွက် ရင်းနှီး မြုပ်နှံမှု သိန်း ၁ ထောင်ကျော်တာနဲ့ သူတို့စိတ်ထဲ မတန်ဘူးလို့ စထင်ပါတယ်၊ ဒီပြဿနာက သိပ်ကြီးပါတယ်၊ Developer တွေဖြတ်ကျော်ရတဲ့ အခက်အခဲ တွေနဲ့ လေ့လာထားရတဲ့ အချိန်တွေကို သူတို့က တကယ့်ကို မလေးစားသလို သောက်ဖက် မလုပ်ပါဘူး၊ သူတို့ ဘက်က ကစားသမား ရှာပြီး ငွေရှာပေးတာကိုတော့ သူတို့ရဲ့ ကြီးမားတဲ့ စွမ်းဆောင်မှုကြီးလို့ ထဲထဲဝင်ဝင် ယူစထားပြီး ဒီလို ငွေရှာလို့ရအောင် အပြည့်အဝ Support ပေးထားတဲ့ Developer တွေရဲ့ Skills တွေကိုကျတော့ တော်တော်လေး အထင်သေးတာပါ၊ တောင်းတဲ့ ကြေးကိုကြည့်ပြီး ယုတ်မာ တယ်တောင် ထင်ကြတာဗျာ၊
ဒစ်လယ်ခြင်း
ဒီတော့ ပြောရရင် ကျွန်တော်တို့ ဂိမ်းကနေ ဝင်ငွေ သိန်း ၂၀၀၀ ကျော်ပဲ ရဘူးပြီး အဲ့ဒါပြီးတော့ ဝင်ငွေက မရတော့ဘူး၊ ဒီ Games တွေဖြစ်အောင် ရေးခဲ့ရတာ အရမ်းအရမ်းကို အချိန်ပေးခဲ့ရတာပါ၊ ကျွန်တော်တို့က Programming ဘာသာရပ်တွေကို တကယ့်ကို ကျွမ်းကျင်ပါတယ်၊ ဒီလို ကျွမ်းကျင်တာတောင် ဂိမ်း Framework နဲ့ ရင်းနှီးဖို့ Server မှာ ပုံမှန် မဟုတ်တဲ့ Request ( web socket ) တွေကို Setup လုပ်တက်ဖို့ အချိန် အတော်လေး ပေးခဲ့ရပါတယ်၊ စရေးတုန်းက ဂိမ်း ၁၄ ခု ကို Goal သတ်မှတ်ပြီး စရေးတာပါ၊ နိုင်ငံရေးပြဿနာ တက်တော့ ကျွန်တော်တို့လဲ ရန်ကုန် မှာ သင်တန်းဖွင့်ထားရာကနေ စိတ်အရမ်း ကျသွားလို့ နယ်မြို့ တစ်ခုကိုပြောင်းပြီး ရွာတစ်ရွာမှာ သွားနေလိုက်ပါတယ်၊ အဲ့ဒီ့ကနေ စပြီး Game ၁၄ ခုကို စရေးတာပါ၊ တော်တော်လေး ရေးယူရပြီး ၈ လ အကြာမှာ ဂိမ်းတွေ အားလုံး ပြီးသွားပါတယ်၊ ပြီးသွားပြီးတဲ့ နောက် လိုအပ်တဲ့ Setup တွေလုပ်ပြီး Testing Server အသေးတစ်ခုမှာ တင်ထားလိုက်ပါတယ်၊ ပြီးတော့ နီးဆက်ရာ လူတစ်ချို့ကိုပြပြီး အလုပ်အပ်ချင်တဲ့သူတွေကို ရှာပါတယ်၊ ၅ လလောက်ကြာမှ ဝင်ငွေစရတာပါ၊ လာချိတ်တဲ့ သူတွေက အများကြီးဗျာ၊ ကိုယ်တွေလဲ ငွေရတော့မှာလားဆိုပြီး အသားကုန်ပျော်နေတာ၊ တစ်ခါတစ်လေ ကြိုတင်အောင်ပွဲခံထားတာ သိန်း ၄၀ ၅၀ လောက် ပြုတ်သွားတယ်၊တကယ်လဲ စျေး စကားပြောရော ငတိ တွေက အများဆုံး သိန်း ၂၅၀ လောက်ပဲ ထင်တာတို့၊ စျေးအရမ်းကြီးတယ်တို့၊ အဲ့ဒီ့လောက် ထင်မထားဘူး တို့နဲ့ သောက်ဆင်တွေ မပြေချက်ဆို၊ အောင်မြင်ချင်တာက ကမ္ဘာ နဲ့ ချီပြီး အောင်မြင်ချင်တာ ရင်းနှီးချင်က ကလေးမုန့်ဘိုးလောက်၊ သူတို့ပေးချင်တဲ့ စျေးက ကျွန်တော်တို့ တွက်ထားတဲ့ Server ကြေးနဲ့ လစဥ် ထိန်းသိမ်းခပဲ ရှိပါတယ်၊ Serve က အနည်ဆုံး $240 တန် လောက်က စဝယ်ရတာပါ၊ ပြီးရင် လစဥ် ထိန်းသိန်းခ ( Maintenance Fee ) က သိန်း ၄၀ က စတာပါ၊
ဂျင်းစားသူများ
ဒီတော့ဗျာ ပြောချင်တာက စျေးကွက်ရှိတယ်၊ ဝယ်မယ့် သူလဲ ရှိတယ်၊ ဒါပေမယ့် စျေးပေးတာ တအားနဲတယ် သောက်ဂျီး တအားများတယ်၊ ကျွန်တော်တို့နဲ့တော့ အဆင်မပြေပါဘူး၊ ဒီတော့ မလုပ်ဘူးပေါ့၊ မလုပ်ရင်လဲ အခု နိုင်ငံအခြေအနေ အလုပ်အကိုင် နဲ့ ငွေ ရှားပါးပုံနဲ့တော့ ငတ်မယ့် အနေအထားဂျီးဗျ၊ တစ်ခုခုတော့ ထလုပ်မှကိုရမှာလေ၊ အဲ့ဒီ့တော့ စျေးကို လျှော့ချပြီး ဝယ်လက် ရှာမှာလား၊ နိုင်ငံက အဆင်မပြေဘူး ဆိုပေမယ့် လူတွေရဲ့ လောဘ နဲ့ မျော်လင့်ချက် တွေပါ် ခေါင်းပုံဖျတ်ပြီး အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေကတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ အဆင်ပြေနေ ဆဲပါပဲ၊ ပိုလို့တောင် ဂျင်းစားလိုအားများလာတယ် ပြောမလားပေါ့၊
ဖြန့်ချိတဲ့သူတွေကလဲ နိုင်ငံခြားက Game Bundle တွေကို သိန်း ၁၀၀ Whitelist Fee ပေးပြီးဝယ်ကြတယ် ပြီးတော့ ပါချီပါချက် Designer တွေငှားပြီး Api ကနေ တဆင့် Game Links တွေကို သုံးပြီး ဝက်ဆိုဒ်ထဲကို သူများရေးထားတဲ့ ဂိမ်းတွေဆွဲထည့်တယ်၊ ဂိမ်းပေါင်း ၃၀၀၀ ကျော် ဆိုပြီး ဖြန့်ချိကြတယ်၊ ဒီ့အတွက် လစဥ် WhiteList Fee အပြင် လစဥ် Server ကြေးပေးပြီး အကျိုး အမြတ်ကို 45% 45% ပြီးတော့ Server ကြေးက 10% ဆိုပြီး ဖြန့်ကြတာ ရှိသလို Unit ကို အသေ ငွေပြန်မအမ်းပဲ ရောင်းကြပြီး ဖြန့်ကြတာလဲ ရှိပါတယ်၊ ဒီနည်းကိုတော့ မြန်မာပြည်က ဖြန့်ချိသူတွေက တအားကြိုက်ကြပါတယ်၊ စတင်ဖို့အတွက် ငွေရင်းနှီးမြုပ်နှံမှု များများ စိုက်စရာမလိုဘူး၊ ကစားသူတွေဆီက အသေသုပ်ပြီး အရှုံးမရှိဘူးပေါ့၊ Random ကို မရှိတော့ပဲ အသေကို သုပ်ပြစ်တာပါ၊ ဒီတော့ ရည်ရှည်မှာ ဖြန့်ချိတဲ့သူတွေထဲပဲ ငွေရောက်သွားတာပေါ့၊
မတူညီတဲ့ Logic နဲ့ ထိုးထွက်ခြင်း
ကျွန်တော်တို့ ရေးထားတဲ့ Logic မှာတော့ ငွေစားတာက အကောက် ပမာဏပဲ စားပြီး Players တွေထဲမှာ အချို့ နိုင်ပြီး အချို့ ရှုံး သွားကြမယ် ငွေက Player တွေကြားမှာလည်သွားအောင် ရေးထားတာပါ၊ ဒီတော့ Game ဖြန့်ချိတဲ့သူတွေက အကောက်ခွန် စားတဲ့ အဆင့်ပါပဲ၊ အကောက်ခွန်ကလဲ တကယ် ကစားတဲ့သူများရင် ကြောက်စရာ ကောင်းတဲ့ ပမာဏရတာပါ၊ ဒီတော့ အနိုင်အရှုံး မျှပါတယ်၊ ငွေသွင်း တဲ့ Player ရှိသလို နိုင်လို့ ငွေထုတ်သွားတဲ့ Player တွေလဲ ရှိပါတယ်၊ ဒီနေရာမှာ Multiplayer Game မဟုတ်တဲ့ ဂီမ်းတွေကို ငွေဘယ်လို လှဲ့လဲဆိုရင် JackPot ထားပြီးလှဲ့ပါတယ်၊ ဒီ Logic ကို သင်ခန်းစာ သင်တဲ့အခါ အသေးစိတ် သင်ကြားပေးထားပါတယ်၊
ဒီတော့ဗျာ စျေးနုန်း များတာနဲ့ အလွယ်တစ်ကူ ဂိမ်းဆွဲထည့်ပြီးဖြန့်ချိလို့ရတဲ့ White Label ရောင်းတဲ့ ဆိုဒ်တွေကြားမှာ ကျွန်တော် တို့ ဒစ်လည် နေတယ်၊ ဖြေရှင်းချက်ကတော့ ရှင်းပါတယ်၊ စျေးအရမ်းလျော့ချလိုက်ပေါ့၊ ဟုတ်ပါတယ်၊ စျေးတာ သိန်း ၁၀၀ အောက်ဆို ရမယ့် Customers တွေက အများကြီးပါ၊ ဒီနည်းနဲ့ ဖြန့်ချိပြီး Serve ကြေးနဲ့ Maintenance Fee နဲနဲ တောင်းပြီး လစဥ်လဲ ဝင်ငွေရမယ် ရေးဆွဲခလဲ နဲနဲရမယ်ပေါ့၊ ပြီးရင် Customer များများ ရှာပေါ့၊ ဒါဆိုရင်တော့လဲ အကျိုးအမြတ်ကြီးလာနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က ငွေနဲနဲ နဲ့ စကားတွေ အများကြီးပြောရတာတို့ သူတို့ လာတွေ့တာကို တကူးတက တွေ့ပေးရတာတို့ အာရုံနောက်ပါတယ်၊ ကိုယ်လိုချင်တဲ့အတိုင်း မဖြစ်ရင် စကား ပြောဖို့မပြောနဲ့ မျက်နှာကို မတွေ့ချင်တာ၊ အခြား အချက်တွေလဲ အများကြီးရှိပါတယ်၊ ဒီတော့ ကျွန်တော်တို့နဲ့ အဆင်မပြေဘူး၊
ငွေရှာဖို့ လိုအပ်ခြင်း
အဆင်မပြေဘူးဆိုပေမယ့် ငွေတော့ ရချင်တာ တအားပဲ၊ ဒီတော့ ဒီဂိမ်းတွေ ရေးနည်းကို သင်ကြားပေးမယ် ဆိုရင်ကော ဆိုတဲ့ အတွေးဝင်လာတယ်၊ ဂိမ်း သင်ပေးရင် ကျောင်းသားတွေအနေနဲ့ သင်ပေးထားတဲ့ ဂိမ်းတွေအပြင် အခြား ဂိမ်းတွေကိုလဲ သူတို့ ကိုယ်တိုင် Develop လုပ်ပြီး ဂိမ်းတွေပိုများလာမယ် စျေးကွက် ပိုဝင်လာမယ်ပေါ့၊ အဓိက အချက်ဖြစ်တဲ့ ကျွန်တော်တို့ လဲ ဝင်ငွေရမယ်ပေါ့၊ ဒါကြောင့် ကျွမ်းကျင်ပြီးသားလဲ ဖြစ်နေတဲ့ သင်ကြားရေးဘက်ကိုပဲ ကျွန်တော်တို့ အားရုံစိုက်လိုက်မယ် စိတ်ကူးတာ၊ သင်တန်း တက်လိုတဲ့ သူတွေအနေနဲ့လဲ သင်တန်းကြေး မတက်နိုင်ရင် မပြည့်ရင် နီးဆပ်ရာ ရင်းနှီးမြုပ်နှံ နိုင်တဲ့ သူကို ရှာပြီး သင်တန်း ပြီးတာနဲ့ ဒီလို ဖြန့်ချိလို့ရကြောင်း ဒီလို ငွေရှာလို့ရကြောင်း ပြောပြီး သင်တန်းကြေး ရှာနိုင်ပါတယ်၊ နှစ်လုံးထီ ဒိုင်, သုံးလုံးထီဒိုင်, ဘောလုံး ဒိုင်တွေ၊ ဂီမ်းဖြန့်ချိနေတဲ့ ကိုယ်စလှယ်တွေကိုပြရင် ချက်ချင်းကို သင်တန်းကြေးစိုက်ပေးမှာပါ၊ သူတို့ နားလည်အောင် သေချာ ရှင်းပြနိုင်ဖို့ပဲလိုပါတယ်၊
သင်တန်း တက်သင့်ရဲ့လား
Game Development သင်တန်းဖြစ်တာရယ် သင်တန်းပြီးတာနဲ့ ပြန်ရောင်းချလို့ရအောင် သင်ပေးတာရယ် Game Source Code ပေးတာရယ်ကြောင်း သင်တန်းကြေးက ပုံမှန်သင်တန်းတွေထပ်တော့ ပိုများပါတယ်၊ သင်တန်းတက်ရုံနဲ့တော့ ဝင်ငွေမရပါဘူး၊ ဖြန့်ချိနိုင်မှ ဝင်ငွေရမှာပါ၊ ငွေရအောင် ချိတ်ဆက်နိုင်မှ Customer ရှာနိုင်မှ၊ ကိုယ်တိုင် တစ်နည်းနည်းနဲ့ ဖြန့်ချိနိုင်မှ ကို ငွေရမှာပါ၊ အယုတ်စွဆုံး သင်တန်းသင်က ဗွီဒီယို သင်ခန်းစာတွေ ဖြစ်လို့ အားမှ လေ့လာမယ် ဆိုရင်တောင် ပြဿနာ မရှိပါဘူး၊ သင်တန်းက ပေးတဲ့ Source Code တွေကို သုံးပြီး အရင် စျေးကွက်ထဲကို ဘယ်လို ရောက်အောင် သွားမလဲ သေချာ စဥ်းစားပါ၊ တကယ် လုပ်နိုင်ရင် Customer တစ်ယောက် လောက်ကို သိန်း ၅၀ နဲ့ စျေးကွက်ဖျတ်ပြီး ရောင်းတောင် သင်တန်းကြေးထက် အများကြီးပိုမြတ်ပါဘူး၊ အခြား ဖြန့်ချိနည်းတွေလဲ ရှင်းပြထားတွေတယ်လေ၊ အဓိက ကတော့ သင်တန်း ဘယ်လောက် ကောင်းအောင် သင်သင် သိန်းထောင် ချီတဲ့ Source Code တွေ ဘယ်လောက် ပေးပေး၊ သင်ပေးတာ နားလည်ပြီး ဘယ်လောက်ပဲ ဂိမ်း တွေ ထပ်ပြီး ဖန်တီးနိုင် ဖန်တီးနိုင် ဝင်ငွေ တကယ် ပြန်မရှာ နိုင်ရင်တော့ အချိန်ကော ငွေပါရှုံးပါတယ်၊ စျေးကွက်ရှိပါတယ်၊ သေချာ လုပ်တက်ရင် သင်ပေးတဲ့ ဂီမ်းတွေနဲ့တင် ချမ်းသာ နိုင်ပါတယ်၊ ဒီတော့ တကယ် စိတ်ပိုင်းဖျတ်ပြီး တကယ် ကြိုးစားနိုင်မှ သင်တန်းတက်ပါ၊
သင်တန်းကြေး
သင်တဲ့အခါမှာလဲ အပေါ်ယံကြောပဲ သင်မှာမဟုတ်ဘဲ တကယ် ကျွန်တော်တို့ ဖြန့်ချိခဲ့တုန်းက အတိုင်း သင်သွားမှာပါ၊ သင်တန်းပြီးရင် ရောင်းစားရုံပါပဲ၊ သင်တန်းက ကျောင်းသားအရေ အတွက် Target တစ်ခု ထားထားပါတယ်၊ ထိုအရေအတွက် ပြည့်ရင် စသင်မှာပါ၊ ပုံမှန်တော့ သင်တန်း စမယ့် အချိန်ကို July လ 5 ရက်နေ့လို့ သတ်မှတ်ထားပါတယ်၊ လူမပြည့်သေးရင်တော့ စောင့်ရပါမယ်၊ သင်တန်းကြေးက ၂၅ သိန်းပါ၊ July လ ၅ ရက်နေ့ မတိုင်ခင် သင်တန်း ကြိုအပ်ထားတဲ့ သူတွေအတွက် 5 သိန်း Discount ပေးပါတယ်၊ July 5 ရက် မတိုင်ခင် အပ်ထားရင် သင်တန်းကြေးက သိန်း ၂၅ သိန်း မဟုတ်တော့ပဲ ၂၀ သိန်းပဲ ကျတော့ မယ့်သဘောပေါ့၊ အခုကတည်းက ၅ သိန်းသွင်းပြီး စာရင်း ကြိုပေးထားလဲ ရပါတယ် ဒါဆိုရင်လဲ သင်တန်းကြေးကို ၂၀ သိန်း အဖြစ် Discount ၅ သိန်းပေးသွားမှာပါ၊ သင်တန်းကြေး လက်ကျန်ကိုတော့ July လ ၄ ရက်နေ့ နောက်ဆုံးထားပြီး သွင်းပေးရမှာ ဖြစ်ပါတယ်၊ Brighter Myanmar မှာ မည်သည့် အတန်းမဆို သင်တန်း တက်ဖူးတဲ့ ကျောင်းသားတွေအတွက် ဘယ်အချိန် သင်တန်း အပ်အပ် သင်တန်းကြေး သိန်း ၂၀ ပါပဲ၊ ၂၅ သိန်း မဟုတ်ပါ၊ Discount သီးသန့်တော့ မပေးတော့ပါ၊
သင်ကြားပုံ
သင််တန်းက အပါတ်စဥ် ဗွီဒီယို သင်ခန်းစာတွေနဲ့ သင်ကြားပေးသွားမှာပါ၊ စနေနေ့ တစ်ရက် ည ၇ နာရီခွဲမှာ ဆရာနဲ့ Zoom Meeting ထိုင်ရပါမယ်၊ စနေနေ့ Meeting မှာ ဆရာက တစ်ပါတ်စာ လေ့လာရမယ့် သင်ခန်းစာ Road Map ချပေးမှာ ဖြစ်ပြီး ထိုတစ်ပါတ်စာ လေ့လာရမယ့် ဗွီဒီယို သင်ခန်းစာတွေကို ချပေးသွားမှာဖြစ်ပါတယ်၊ ဗွီဒီယို သင်ခန်းစာတွေက ကြိုတင် Record လုပ်ထားတဲ့ သင်ခန်းစာတွေမဟုတ်ပါ၊ တစ်ပါတ် တစ်ကြိမ် သင်ခန်းစာ ၂၀ က နေ ၃၀ အထိ Record လုပ်ပေးတာ ဖြစ်ပါတယ်၊ တစ်ပါတ်တစ်ခါ Record လုပ်ပေးတဲ့ပအတွက် သင်ခန်စာတွေမှာ အသုံးပြုတဲ့ ဘာသာရပ်တွေ အားလုံးက Latest Version တွေဖြစ်ပါတယ်၊ Meeting ထိုင်တဲ့ နေ့မှာ ကျောင်းသား တွေအနေနဲ့ မရှင်းတာ နားမလည်တာ ကိုယ့်ကွန်ပြူတာမှာ လိုက်လို့လို့ မရတဲ့အချက်တွေ တွေ့ကြုံရတဲ့ ပြဿနာတွေကို မေးနိုင်ပြီး ဆရာက ဖြေရှင်းပေး ရှင်းပြပေးခြင်းတွေလုပ်ပါတယ်၊
အာမခံချက်
အခကြေးငွေယူပြီး သင်ကြားတဲ့ သင်တန်းဖြစ်တဲ့အတွက် သင်ခန်းစာ ပြည့်စုံမှု , ရှင်းလင်း သင်ပြမှု ကောင်းမွန် ပြည့်စုံမှု ၊ သင်ကြားတဲ့ ဆရာ ရဲ့ အရည်အချင်း, သင်ထောက်ကူ အချက်အလက်ပြည့်စုံမှု အားလုံးကို အာမခံပါတယ်၊ အွန်လိုင်း သင်တန်းဖြစ်လို့ လေ့လာသူဘက်ကတော့ သေချာလိုက်လုပ်ဖို့ အပါတ်စဥ် သင်ခန်းစာတွေကို သေချာ ကြိုးစား အားထုတ် ဖို့ပဲ လိုပါတယ်၊ သေချာ လိုက်လုပ်ရဲ့သားနဲ့ သင်တန်း ဆရာ (သို့) သင်တန်းကျောင်းရဲ့ အားနည်းချက် ပျက်ကွက်မှု ကြောင့် တတ်မြောက်မှု နှောင့်နှေးခဲ့ရင် လေ့လာရခက်ခဲ ခဲ့ရင် သင်တန်းကြေး အပြည့်အဝ ပြန်လျော်ပေးသွားမှာ ဖြစ်ပါတယ်၊ သင်ကြားရေး သက်တမ်း ၁၃ နှစ် ကျော်ရှိတဲ့ ဆရာ WaiferKolar ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် Brighter Myanmar သင်တန်းကနေ ဖွင့်တဲ့ Game Development သင်တန်းကို အပြည့်အဝ အာမခံပါတယ်။