သင်တန်း အားမခံချက်
သင်တန်းအာမခံချက် ( အွန်လိုင်း အတန်းများအတွက် )
အခကြေးငွေယူပြီး သင်ကြားတဲ့ သင်တန်းဖြစ်တဲ့အတွက် သင်ခန်းစာ ပြည့်စုံမှု , ရှင်းလင်း သင်ပြမှု ကောင်းမွန် ပြည့်စုံမှု ၊
သင်ကြားတဲ့ ဆရာ ရဲ့ အရည်အချင်း, သင်ထောက်ကူ အချက်အလက်ပြည့်စုံမှု အားလုံးကို အာမခံပါတယ်၊
အွန်လိုင်း သင်တန်းဖြစ်လို့ လေ့လာသူဘက်ကတော့ သေချာလိုက်လုပ်ဖို့ အပါတ်စဥ် သင်ခန်းစာတွေကို သေချာ ကြိုးစား အားထုတ် ဖို့ပဲ လိုပါတယ်၊ သေချာ လိုက်လုပ်ရဲ့သားနဲ့ သင်တန်း ဆရာ (သို့) သင်တန်းကျောင်းရဲ့ အားနည်းချက် ပျက်ကွက်မှု ကြောင့် တတ်မြောက်မှု နှောင့်နှေးခဲ့ရင် လေ့လာရခက်ခဲ ခဲ့ရင် သင်တန်းကြေး အပြည့်အဝ ပြန်လျော်ပေးသွားမှာ ဖြစ်ပါတယ်၊ သင်ကြားရေး သက်တမ်း ၁၃ နှစ် ကျော်ရှိတဲ့ ဆရာ WaiferKolar ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် Brighter Myanmar သင်တန်းကနေ ဖွင့်တဲ့ Node.js & Flutter သင်တန်းကို အပြည့်အဝ အာမခံပါတယ်။
သင်တန်း အာမခံချက် ( ပြင်ပအတန်းများအတွက် )
ကြိုးစားချင်စိတ်နဲ့ လာတက်ဖို့ပဲ လိုပါတယ် တတ်မြောက်ဖို့ကို အပြည့်အဝ တာဝန်ယူပါတယ်၊
အခကြေးငွေယူပြီး ဖွင့်လှစ်တဲ့သင်တန်း ဖြစ်တဲ့အတွက် သင်တန်းအာမခံချက်လဲ အပြည့်ရှိပါတယ်၊
ဆရာ ညံ့လို့ ကျောင်းသား မတတ်သွားဘူးဆိုတာ လုံးဝ (လုံးဝ) မရှိစေရပါ၊
သင်တန်းဆရာတွေရဲ့ ရှင်းလင်း သင်ပြမှု၊ သင်တန်းရဲ့ ပေးထားတဲ့ Multi-Media Supply အားနည်းမှုနှင့်
သင်တန်းရဲ့ မည်သည့် အားနည်းချက်မဆို ရှိခဲ့ပါက သင်တန်းကြေး အပြည့်အဝ ပြန်အမ်းပေးသွားဖို့ အာမခံပါတယ်၊
သင်တန်းက နေ့စဥ်သင်ကြားမှုကို ဗွီဒီယို Record အဖြစ် မှတ်တမ်းတင်ထားပြီး ကျောင်းသားတွေကို ပေးသွား မှာ ဖြစ်လို့ မိဘများအနေနဲ့လဲ နေ့စဥ်သင်ကြားမှု ဗွီဒီယို Record တွေကို ကြည့်ပြီး ဆရာရဲ့ အရေအချင်းကို စိတ်ကြိုက် လေ့လာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်၊
အရည်အချင်းရှိလို့ တကယ်ကျွမ်းကျင်လို့ သင်တန်းဖွင့်တာဖြစ်ပါတယ်၊ မိဘများအနေနဲ့ သိလိုတဲ့အချက်ရှိရင်ဖြစ်စေ ဆရာတွေ လက်တွေ့ ရေးထားတဲ့ Projects တွေကို ကြည့်လိုသည်ဖြစ်စေ၊ ဆရာရဲ့ အရည်အချင်းကို သိလိုသည်ဖြစ်စေ သင်တန်းကို ကိုယ်တိုင်လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်၊ ကလေးကျောင်း တက်နေဆဲကာလမှာလဲ မိဘများကိုယ်တိုင် စိတ်ကြိုက်လာရောက် လေ့လာ နားထောင်နိုင်ပါတယ်၊
ဘာမှမသိနားမလည်တဲ့ အဆင့်ကနေ Project တစ်ခုကို ကိုယ်တိုင် စိတ်ကူး ထားတဲ့အတိုင်း တည်ဆောက်နိုင်အောင် အဆင့်ဆင့် နားလည် ကျွမ်းကျင်သွားအောင် အလစ်အဟ မရှိသင်ကြားပေးမှာ ဖြစ်လို့ သင်ကြားပုံကို အဆင့်ဆင့် လာရောက်လေ့လာနိုင်ပါတယ်၊
သင်တန်းအတွင်း လေ့လာခဲ့/လုပ်ကိုင်ခဲ့သည့် လုပ်ငန်းစဥ် အဆင့်ဆင့်နှင့် ကျောင်းသား၏ တိုးတတ်မှု အခြေအနေအား လစဥ် Report အဖြစ် မိဘများကို ပေးပို့သွားမှာဖြစ်ပါတယ်၊